Posted by admin on Jun - 28 - 2014
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းတွင် တည်ရှိသော Daewoo ပိုင် သဘာဝ ဓါတ်ငွေ့စက်ရုံတွင် စက်ချို့ယွင်းမူ ဖြစ်သဖြင့် အသံများ ‘တဂျီဂျီ’ မြည်ကာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီးနောက် ပိုက်လိုင်းမှ တဆင့် တရုတ်သို့ သဘာဝ ဓါတ်ငွေ့တင်ပို့မူကို ယာယီရပ်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။
ယင်းပြင် စက်ရုံထဲမှ ၀န်ထမ်းများကိုလည်း အန္တရာယ် ရှိသဖြင့် စက်ရုံပြင်ပသို့ ထွက်ခွာသွားရန် သတိပေးမူ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ စက်ရုံက အလုပ်သမားတွေကို အပြင်ကို ထွက်သွားကြဖို့ အင်္ဂလိပ်လိုရော၊ ဗမာလိုရော သတိပေးမူ ထွက်ပေါ်လာတယ်။ ကျွန်တော်တို့ အကုန်လုံး အပြင်ကို ထွက်ပြေးပြီး ဂိတ်ဝမှာ စုနေလိုက်ကြတယ်။ အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု သူက ဆက်ဆိုသည်။
(၉) ကျော်ခန့်တွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်မှာ ဟုတ်မှန်ကြောင်း စက်ရုံအနီးရှိ မလကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း အတည်ပြု ပြောဆိုသည်။
“ ကျွန်တော်တို့ ကြားပါတယ်။ အသံတွေက တဂျီဂျီနဲ့ အစပိုင်းမှာ စက်ရုံတွေထဲက ထွက်လာတယ်။ ရွာသားတွေက ကြောက်ပြီး တောင်ပေါ်ကို တက်ပြေးကြတယ်။ ညနေ ၉ နာရီ ကျော်ကျော်မှာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ အဲဒီနောက် စက်ရုံတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်” ဟု မလကျွန်း အုပ်ချုပ်ရေးမှူးက ပြောသည်။
တရုတ်ပြည်သို့ ပိုက်လိုင်းမှ တဆင့် ဂတ်စ်ပို့လွှတ်နေမူကို ဇွန်လ ၂၇ ရက်နေ့ထိ ရပ်တန့်ထားကြောင်း စက်ရုံ ၀န်ထမ်းက ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ရန်ကုန်မှ စင်းလုံးဌား လေယာဉ်ဖြင့် ကိုရီးယားနိုင်ငံသား ဒုဥက္ကဌ ဖြစ်သူ Si Bo Joo ဦးဆောင်သော နိုင်ငံခြားသား အင်ဂျင်နီယာများနှင့် အတူ မြန်မာတာဝန်ရှိသူများ ရောက်ရှိလာသည်ဟု သိရသည်။
ယမန်နေ့ ညနေပိုင်းတွင် ဂျင်နရယ်တာ ပြန်လည်ပတ်ခဲ့ပြီး မီးပုံမှန် ပြန်လည် ရရှိခဲ့သည်ဟု သိရသည်။
နိရဉ္စရာ- ၂၈ ဇွန်လ ၂၀၁၄
No comments:
Post a Comment