တရုတ် - မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှင့်ပတ်သက်သည့် သတင်းများပေးပို့လိုပါက www.cnpc.com@gmail.com သို့ပေးပို့ဆက်သွယ်နိုင်ပါသည် ။

Friday, August 15, 2014

လျှပ်စစ်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အတွက်လုပ်ဆောင်ချက်များ

ယနေ့ ၁၅ - ၈ - ၂၀၁၄ တွင်
တရုတ် - မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ 
နမ့်ခမ်းတိုင်းတာရေးစခန်းမှ ဒုရုံးအုပ်ဖြစ်သော Mr.Wang Wei နှင့် နမ့်ခမ်းမြို့နယ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကိုထိန်ဝင်းဦး နှင့်အတူ နမ့်ခမ်းတိုင်းတာရေးစခန်းသို့ သွယ်တန်းထားသည့် ဓာတ်တိုင်များကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး ဓာတ်ကြိုးနှင့်မလွတ်သော သစ်ကိုင်းများ ၀ါးပင်များကို ခုတ်ပစ်ရန် တိုင်ပင်ဆွေးနွေးခဲ့သည် ။

Wednesday, August 6, 2014

လွယ်ချက်ရွာအတွက်လမ်းပြင်ခြင်း

၅-၈-၂၀၁၄ တွင် 
တရုတ် - မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း 
နမ့်ခမ်းတိုင်းတာရေးစခန်းမှ ဒုရုံးအုပ် Mr.Wang Wei သည် 
လွယ်ချက်ရွာ အနီးရှိပိုက်လိုင်းလမ်းကြောင်းတွင်
ရေတိုက်စား၍ဖြစ်ပေါ်လာသည့်ရတိုက်စားမြောင်းများကို
မြေဖို့ရန်အတွက် excavator(back hold) 
အရပ်ခေါ် ( ဘတ်ဖိုး ၊ မြေကော်စက် ) တစ်စီးဖြင့် ရောက်ရှိခဲ့စဉ် 
ဥက္ကဌမှ လမ်းပြု ပြင်ပေးရန်အတွက် 
အကူညီတောင်းဆို ကမ်းလမ်းလာခြင်းကို 
လက်ခံလိုက်လျှောခဲ့ပြီး ၆-၈-၂၀၁၄ တွင် 
ဥက္ကဌ မှ လမ်းပြု ပြင်ပေးရန်တောင်းဆိုသည့် နေရာအား 
လိုက်လံပြု ပြင်ပေးခဲ့သည်။


လမ်းပြင်နေပုံ
လမ်းပြင်နေပုံ
လမ်းပြင်ပြီး
Mr.Wang Wei နှင့် လွယ်ချက်ရွာ ဥက္ကဌ တို့၏ လမ်းပြင်နေစဉ်အမှတ်တရဓာတ်ပုံ
လမ်းဘေးရေမြောင်းဖော်နေစဉ်

Sunday, June 29, 2014

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လျှို့ဝှက်မှုနှင့် ဖုံးကွယ်မှုများ ကျယ်ပြန့်စွာရှိနေဟုဆို

Posted by admin on Jun - 29 - 2014

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လျှို့ဝှက်မှုနှင့် ဖုံးကွယ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေ

သည်ဟု အင်္ဂလန်နှင့် ဝါရှင်တန်ဒီစီအခြေစိုက် Global Witness(GW) ၏ ဇွန်လ ၂၆ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။




Global Witness သည် သဘာဝရင်းမြစ်များနှင့် ဆက်စပ်နေသည့် ပဋိပက္ခဖြစ်ပွားမှုများ၊ အကျင့် ပျက်ခြစားမှု များနှင့်

ဆက်နွှယ်နေသည့် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မဖြစ်ပွားအောင်ကာ ကွယ်ရန်

သုတေသနပြုလုပ်ခြင်းနှင့် ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အမှန်တကယ် အကျိုးအမြတ် ရသူများကို

လုပ်ကွက်လုပ်ကိုင်ခွင့်ရသွားသူများက ဖုံးကွယ်ထားဆဲဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။

GW သည် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များရရှိထားသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၄၇ခုထံ ၎င်းတို့၏

ပိုင်ရှင်နှင့် ပတ်သက်သော မေးခွန်းများကို ဖြေကြားပေးရန် ဖိတ်ခေါ်သည့်စာများ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပေးပို့ရာတွင် နိုင်ငံတကာကုမ္ပဏီ ၃၁ခုအနက် ကုမ္ပဏီ ၁၁ ကသာ GW ၏မေးခွန်းများကို ပြန် လည်ဖြေ ကြားခဲ့ပြီး ကုမ္ပဏီ

သုံးခုက အနည်းငယ်မျှသာ ဖြေကြားခဲ့သည်။ ထို့အတူ နိုင်ငံတကာလုပ်ငန်းများနှင့် ဖက်စပ် လုပ်ကိုင်နေသည့် မြန်မာကုမ္ပဏီ

၁၆ခုအနက် နှစ်ခုကသာ အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အရင်းအမြစ်ကြွယ်ဝချမ်းသာမှုများကို ပိုမိုတရားမျှတစွာနှင့် ပိုမိုပွင့်လင်းစွာစီမံခန့်ခွဲနိုင်စေ ရန်အတွက်

ကြိုးစားဆောင်ရွက်နေရချိန်တွင် ထိုသို့သော ကုမ္ပဏီဆိုင်ရာ လျှို့ဝှက်ထားမှုသည် မြန်မာနိုင်ငံ၏ အခြေမခိုင်သေးသည့်

တိုးတက်မှုအား ခြိမ်းခြောက်နေသည်ဟု ယင်းအစီရင်ခံစာက သုံးသပ်ထားသေးသည်။

ကုမ္ပဏီပိုင်ရှင်များနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လျှို့ဝှက်ထားခြင်းကြောင့် ရေနံမှရရှိသည့်ဝင်ငွေ များသည် တိုင်းပြည်၏

သဘာဝရင်းမြစ်ကဏ္ဍအား ရေရှည်ဒုက္ခပေးနေသည့် အကျင့်ပျက်ခြစားမှုအဖြစ် ဆုံးရှုံး သွားမည့် အန္တရာယ်ရှိနေသည်ဟု ဆိုသည်။

GW မှ အကဲခတ်လေ့လာသူ Juman Kubba က “ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကို လုပ်

ကိုင်ခွင့်ရရှိတဲ့ကုမ္ပဏီတွေရဲ့နောက်ကွယ်မှာ ဘယ်သူတွေရပ်တည်နေတယ်ဆိုတာကို တိုင်းသူပြည်သားတွေ သိရှိနိုင်မှပဲ

ရရှိတဲ့နှစ်စဉ်ဝင်ငွေတွေ ဟာ နိုင်ငံတော်ဘဏ္ဍာတိုက် ထဲကို ရာက်ဖို့အခွင့်အရေးပိုရှိမှာလည်းဖြစ် တယ် ” ဟု ဆိုသည်။

မြန်မာကုမ္ပဏီ ၁၆ခုအနက် Machinery & Solutions နှင့် Myanmar Petrolum E&P Co.,Ltd(MPEP) တို့သည် ၎င်းတို့၏

နောက်ဆုံးအကျိုးအမြတ်ခံစားသူ ပိုင်ရှင်များ၏ အသေးစိတ်အချက်အလက်များကို ထုတ် ဖော်ပြောကြားသည့် ပထမဦးဆုံးသော

ကုမ္ပဏီများဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

GW ၏ မေးခွန်းများကို လုံးဝဖြေကြားခြင်းမရှိသော နိုင်ငံတကာကုမ္ပဏီများထဲတွင် Shell၊ Chevron၊ Pacific Hunt Energy Corp၊

ISOC Bashneft၊ Eni ၊ Woodside၊ PTTEP၊ Statoil စသည့် ရေနံကုမ္ပဏီများ ပါဝင်နေသည်။

Saturday, June 28, 2014

ကျောက်ဖြူ မလကျွန်း သဘာဝဓါတ်ငွေ့စက်ရုံ ချို့ယွင်းမူ ဖြစ်၍ ဓါတ်ငွေ့တင်ပို့မူ ယာယီရပ်နားခဲ့ရ


Posted by admin on Jun - 28 - 2014

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းတွင် တည်ရှိသော Daewoo ပိုင် သဘာဝ ဓါတ်ငွေ့စက်ရုံတွင် စက်ချို့ယွင်းမူ ဖြစ်သဖြင့် အသံများ ‘တဂျီဂျီ’ မြည်ကာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီးနောက် ပိုက်လိုင်းမှ တဆင့် တရုတ်သို့ သဘာဝ ဓါတ်ငွေ့တင်ပို့မူကို ယာယီရပ်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။


“ ဖြစ်တာက ဇွန်လ ၂၆ ရက်နေ့ ညနေ ၆ နာရီ ခန့်မှာ ဖြစ်တာပါ။ စက်ရုံထဲက ဂျင်နရယ်တာက ရပ်သွားတယ်။ အဲဒီနောက်ပိုင်းမှ မီးတွေမှိတ်သွားပြီး အသံတွေက တဂျီဂျီနဲ့ မြည်လာတယ်။ ၉ နာရီမှာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ နောက်တော့ တရုတ်ကို ဓါတ်ငွေ့ပို့လွှတ်နေမူကို ရပ်တန့်လိုက်ပါတယ်” ဟု အမည် မဖေါ်လိုသူ ၀န်ထမ်း တစ်ဦးက ပြောသည်။

ယင်းပြင် စက်ရုံထဲမှ ၀န်ထမ်းများကိုလည်း အန္တရာယ် ရှိသဖြင့် စက်ရုံပြင်ပသို့ ထွက်ခွာသွားရန် သတိပေးမူ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ စက်ရုံက အလုပ်သမားတွေကို အပြင်ကို ထွက်သွားကြဖို့ အင်္ဂလိပ်လိုရော၊ ဗမာလိုရော သတိပေးမူ ထွက်ပေါ်လာတယ်။ ကျွန်တော်တို့ အကုန်လုံး အပြင်ကို ထွက်ပြေးပြီး ဂိတ်ဝမှာ စုနေလိုက်ကြတယ်။ အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု သူက ဆက်ဆိုသည်။

(၉) ကျော်ခန့်တွင် ပေါက်ကွဲသံတစ်ခု  ထွက်ပေါ်လာခဲ့သည်မှာ ဟုတ်မှန်ကြောင်း စက်ရုံအနီးရှိ မလကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း အတည်ပြု ပြောဆိုသည်။

“ ကျွန်တော်တို့ ကြားပါတယ်။ အသံတွေက တဂျီဂျီနဲ့ အစပိုင်းမှာ စက်ရုံတွေထဲက ထွက်လာတယ်။ ရွာသားတွေက ကြောက်ပြီး တောင်ပေါ်ကို တက်ပြေးကြတယ်။ ညနေ ၉ နာရီ ကျော်ကျော်မှာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ အဲဒီနောက် စက်ရုံတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်” ဟု မလကျွန်း အုပ်ချုပ်ရေးမှူးက ပြောသည်။

တရုတ်ပြည်သို့ ပိုက်လိုင်းမှ တဆင့် ဂတ်စ်ပို့လွှတ်နေမူကို ဇွန်လ ၂၇ ရက်နေ့ထိ ရပ်တန့်ထားကြောင်း စက်ရုံ ၀န်ထမ်းက ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ရန်ကုန်မှ စင်းလုံးဌား လေယာဉ်ဖြင့် ကိုရီးယားနိုင်ငံသား ဒုဥက္ကဌ ဖြစ်သူ Si Bo Joo ဦးဆောင်သော နိုင်ငံခြားသား အင်ဂျင်နီယာများနှင့် အတူ မြန်မာတာဝန်ရှိသူများ ရောက်ရှိလာသည်ဟု သိရသည်။

ယမန်နေ့ ညနေပိုင်းတွင် ဂျင်နရယ်တာ ပြန်လည်ပတ်ခဲ့ပြီး မီးပုံမှန် ပြန်လည် ရရှိခဲ့သည်ဟု သိရသည်။

နိရဉ္စရာ- ၂၈ ဇွန်လ ၂၀၁၄
back to top