တရုတ် - မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှင့်ပတ်သက်သည့် သတင်းများပေးပို့လိုပါက www.cnpc.com@gmail.com သို့ပေးပို့ဆက်သွယ်နိုင်ပါသည် ။

Thursday, September 27, 2012

ရေနံ ဂက်စ်ပိုက်လိုင်းမှဝင်ငွေ ၅ % အား သျှမ်းပြည်နစ်နာကြေးအတွက်ပေးရန် လွှတ်တော်၌တောင်းဆို

Published on Sep 27 2012 //
သျှမ်းပြည်မြောက်ပိုင်း နမ္မတူနှင့်သီပေါကြား ဂက်စ်ပိုက်လိုင်းသွယ်တန်းနေပုံ

သျှမ်းပြည်နယ် ပထမအကြိမ် စတုတ္ထပုံမှန် လွှတ်တော်အစည်းအဝေးအား ယမန်နေ့ကစတင်ရာမှာ အမတ်တဦးက ရေနံ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမှု ကြောင့် အဆိုပါစီမံကိန်းမှရသည့် ဝင်ငွေအားလုံး၏ ၅ % အား နစ်နာကြေးအဖြစ် သျှမ်းပြည်နယ်အား ခွဲတမ်းပေးရန် တောင်းဆိုခဲ့သည်ဟုဆိုသည်။

“ကျမအဆိုတင်ထားတာနှစ်ခုရှိတယ်။ ဒီနေ့ အာဂျန်တာထဲမှာ တခုပါတယ်။ ကျမ တို့ သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြတ်သန်းသွားတဲ့ ရေနံ နဲ့ သဘာဝ ဓါတ် ပိုက်လိုင်း ကြောင့် ဒေသခံလူထု နစ်နာဆုံးရုံးမှုများတယ်။ အဲဒါကြောင့် ကျမတို့ပြည်နယ်အတွက် အဲဒီက ရတဲ့ဝင်ငွေတွေရဲ့ ၅% ကို ပြည်ထောင်စုအစိုးရကနေ ခွဲပေးဖို့ပါ” – ဟု နမ္မတူမြို့နယ် ပြည်နယ်လွှတ်တောင်အမတ် နန်းခမ်းအေးက ပြောပါသည်။

စက်တင်ဘာ ၂၅ ရက်နေ့ စတင်သော ပထမအကြိမ် စတုထ္ထပုံမှန် သျှမ်းပြည်နယ်လွှတ်တော်အစည်း ပထမ နေ့၌ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တောင်အမတ် နန်းခမ်းအေးက လူ့အခွင့်အရေးချိုးဖေါက်မှု အဆို နှင့် ရေနံသဘာ ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဒေသခံလူထု နစ်နာဆုံးရှုံးသည့်အဆို နှစ်ရပ်တင်သွင်းထားကြောင်းပြောပါသည်။

ယမန်နေ့က တင်သွင်းသည့် အဆိုများအား ယနေ့ စက်တင်ဘာ ၂၆ ရက်၌ ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း ပြောပါသည်။

“ကျနော်တို့ လယ်ယာမြေ အတွင်း ပိုက်လိုင်းတွေဖြတ်သန်းလာလို့ စိုက်ပျိုးခွင့်မရတော့ဘူး၊ ပေးတဲ့ လျော်ကြေး ငွေကလဲ အထက်က ဆိုင်ရာပုဂ္ဂဂိုလ် အဆင့်ဆင့်ဖြတ်ယူတယ်၊ ဈေးနှိမ်ပြီးပေးတယ်” – ဟု နမ္မတူဒေသခံတဦးက ပြောပါ သည်။

ရခိုင်ကမ်းလွန်ဒေသထွက် ရေနံနှင့်သဘာဝ ဓါတ်ငွေ့များ သယ်ယူရန် မြန်မာအစိုးရက တရုတ်အစိုးရထံ အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံဖြင့် နှစ်ပေါင်း ၃၀ ကန်ထရိုက်ပေးထားခဲ့သည်။

ယမန်နေ့၌ ပြန်လည်ကျင်းပသော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သျှမ်းပြည် အရှေ့ပိုင်းအမတ်တဦးဖြစ်သည့် စိုင်းဝင်းမြင့်ဦးကလည်း ‘လျှပ်စစ်မီးတွေက ကျနော်တို့ သျှမ်းပြည် က ထွက်ရှိတာများတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ မီးမလင်း သေးဘူး နှစ်ဆယ့်လေးနာရီ မီးရဖို့တင်ပြခဲ့တယ်’ ဟု ပြောပါသည်။ နိုင်ငံတော် ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်း ကျိုင်းတုံမြို့သို့ရာက်ရှိစဉ် ပါတီကောင်စီဥက္ကဌဟောင်းတဦးကလည်း ကျိုင်းတုံမြို့ ၂၄ နာရီမီးလင်း ရေးအတွက်တင်ပြ တောင်းဆိုခဲ့သေးသည်ဟုလည်းကြားသိရပါသည်။ သျှမ်းသံတော်ဆင့်

Wednesday, May 23, 2012

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း – ၃

Posted by on May - 23 - 2012  

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများကြောင့် ဒေသခံပြည်သူများ၏

လယ်ယာမြေများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ ၂၀၀၉ -နှစ် ပိုက်လိုင်း စီမံကိန်း စတင်လုပ်ကိုင်သည့်နေ့မှစ၍

ပျက်စီးဆုံးရှုံးနေကြရသည်။ လယ်ယာမြေများ နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုများအတွက်

လျော်ကြေးများ ပေးဆောင်ရာတွင် အပြည့်အဝ ပေးဆောင်ခြင်းမရှိခြင်းနှင့် အာဏာပိုင်များ၏ ခေါင်းပုံဖြတ်မှုများ၊

လိမ်လည်မှုများကြောင့် ဒေသခံပြည်သူများမှာ ထိုက်တန်သော လျော်ကြေးများကို မရရှိကြပေ။ ပိုက်လိုင်းစီမံကိန်းကြောင့်

လယ်ယာမြေ စိုက်ပျိုးရေး လုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်စားသောက်ရန် အခက်ခဲများ ရင်ဆိုင်လာရသောကြောင့်

ဒေသခံပြည်သူများမှာ မွေးရပ်မြေမှ စွန့်ခွာပြီး နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်အကိုင်ရှာဖွေရန် ထွက်ခွာသူများ တနေ့ထက်

တနေ့များပြားလျက်ရှိသည်။

Thursday, May 17, 2012

တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ကျောင်းနှင့် ဆေးခန်းအတွက် ဒေသခံများထံမှ ငွေကောက်

Published on May 17 2012 // News Update, Related News, Slide Show

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တရုတ်- မြန်မာ ရေနံပိုက်လိုင်းမှ လှူဒါန်းသော စာသင်ကျောင်း နှင့် ဆေးခန်း ဆောက်လုပ်ရေး အတွက် ဒေသခံ ပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် တာဝန်ရှိသူ ဦးသန္တာမောင်က နိရဉ္စရာသို့ ပြောကြားသည်။                      


    ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ လှူဒါန်းသော ကျောက်ဖြူ မြို့ပေါ် အလက ကျောင်းဆောင်။

” အခု ကျွန်တော်တို့ကို လာတိုင်တဲ့ ရွာသားတွေက ခြုံစွယ်ကျေးရွာ အုပ်စုက ဖြစ်ပါတယ်။ တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းကနေ လှူဒါန်းတဲ့ မူလွန် စာသင်ကျောင်းနဲ့ ဆေးခန်းအတွက် ဆိုပြီး ငွေကောက်ခံနေတာကြောင့် ရွာသားတွေ အခက်အခဲ ဖြစ်နေလို့ သူတို့က လာတိုင်ထားပါတယ်” ဟု သူက ပြောသည်။

ခြုံစွယ် ကျေးရွာတွင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော မူလွန်ကျောင်းဆောင် တစ်ခုနှင့် ဆေးခန်း တစ်ခုကို ဆောက်လုပ်နေပြီး အဆိုပါ ကျောင်းနှင့် ဆေးခန်း ဖြစ်မြောက်ရေး အတွက် ( ၇) ဦးပါ ကျေးရွာ ကော်မီတီ တစ်ခုကိုလည်း ဖွဲ့စည်းထားသည်။ ထိုကော်မီတီ အဖွဲ့ထဲတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းထိုင်ဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။

” သူတို့က ကျောင်းနဲ့ ဆေးခန်းအတွက် ဆိုပြီး အိမ်တစ်အိမ်ကို ၅၀၀၀ ကျပ်ကောက်ပါတယ်။ ဆင်းရဲသားနဲ့ မုဆိုးမ အိမ်ဆိုရင် တစ်အိမ်ထောင်ကို ၃၀၀၀ ကောက်ပါတယ်။ မပေးလို့ မရပါဘူး။ မပေးရင် ဒီကျေးရွာ အုပ်စုက ထွက်သွားကြဆိုပြီး ပြောပါတယ်” ဟု အမည်မဖေါ်လိုသူ ခြုံစွယ် ရွာသား တစ်ဦးက ပြောသည်။

မူလွန်စာသင်ကျောင်းနှင့် ဆေးခန်းမှာ တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းထားသဖြင့် အဆိုပါ ငွေများအား မည်သည့် အတွက် ကောက်ခံရပါသနည်း မေးမြန်းရာ အဆိုပါ အဆောက်အအုံများ အတွက် တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ငွေနှင့် မလုံလောက်၍ ကောက်ခံခြင်း ဖြစ်ကြောင်း အဆိုပါ (၇) ဦးအဖွဲ့မှ ပြောကြားကြောင်း ရွာသားက ပြောသည်။

ခြုံစွယ် ကျေးရွာအုပ်စုမှာ ကျောက်ဖြူမြို့နယ် အမှတ် (၇) နယ် မြို့ချောင်းကျွန်းတွင် တည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော် ၅၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။

” ရွာက ရွာကြီး တစ်ရွာပါ။ ခုလို ငွေကောက်တာက ဒီတစ်ကြိမ် မဟုတ်ဘူးလို့ သိရတယ်ဗျာ။ သိပ်မကြာခင်ကလည်း အုတ်ဖုတ်ဖို့ဆိုပြီး တစ်အိမ်ထောင်ကို ၂၅၀၀ ကျပ် ကောက်တယ်လို့ သိရပါတယ်။ ခုလို ခဏ ခဏ ငွေကောက်ခံနေတဲ့ အတွက် မခံမရပ်နိုင်ဖြစ်ပြီး ရွာသားတွေက ကျွန်တော်တို့ ပါတီနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ဆီကို တစ်နေ့ကဘဲ လာတိုင်တယ်။ ဒါနဲ့ ဦးဘရှင်လည်း အဲဒီဒေသကို စစ်ဆေးဖို့ လိုက်ပါသွားပါတယ်” ဟု ဦးသန္တာမောင်က ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်အား အသေးစိတ် သိရှိနိုင်ရန် ဖုံးမှ တဆင့် အကြိမ် ကြိမ် ဆက်သွယ်သော်လည်း သူ၏ ဖုံးမှာ ပိတ်ထားကြောင်း ဖုံးအော်ပရေတာမှ အကြောင်းပြန်ကြားသည်။

ခြုံစွယ် ကျေးရွာတွင် တည်ဆောက်နေသော ဆေးခန်းနှင့် စာသင်ကျောင်းကို ဇေယျာအောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေပြီး အဆိုပါ (၇) ဦးပါ ကော်မီတီ အဖွဲ့အားလည်း အဆိုပါ ကုမ္ပဏီနှင့် နားလည်မူ လုပ်ကာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ရွာသားက ပြောသည်။ အဆိုပါ အဖွဲ့တွင် ပါဝင်သော ကျောင်းထိုင် ဆရာတော်မှာ ကြံ့ခိုင်ရေး ပါတီကို ထောက်ခံသူ တစ်ဦး ဖြစ်ပြီး ရွာသား အများစုက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ၂၀၁၀ ရွှေးကောက်ပွဲတုန်းက မဲထည့်ခြင်း အပေါ် မကျေမနပ် ဖြစ်နေကြောင်း ရွာသားက ဆိုသည်။

” ကျောင်းထိုင်ဆရာတော်ပါ အဲဒီ အဖွဲ့မှာ ပါနေတော့ တော်တော့ကို ပြောရ ဆိုရ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ အခုလို မတော်မတရား ကောက်ခံနေတော့ ကျွန်တော်တို့လည်း မခံနိုင်ဘူး။ ဒီတော့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို တိုင်ကြားထားလိုက်ပါပြီ။ ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ များမကြာခင် သိရမှာပါ” ဟု ရွာသားက ပြောသည်။

ကျောင်းနှင့် ဆေးခန်းကို ဆောက်လုပ်နေရာတွင် ဆောက်လုပ်ရေး ကုမ္ပဏီက မကောင်းသော အုတ်များ၊ အညံ့စား သစ်များနှင့် ထည့်သွင်း ဆောက်လုပ်နေသကဲ့သို့ တဘက်တွင်လည်း ဆောက်လုပ်နေသော ကျောင်းနှင့် ဆေးခန်းရှေ့တွင် တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းပါသည် ဆိုသော စာလုံးကြီးများဖြင့် ရေးသားထားသော ဆိုင်းဘုတ်ကို ထောင်ထားပါလျှက် ရွာသားများထံမှ ပိုက်ဆံကောက်နေသဖြင့် ကျေးရွာသားများမှာ ၎င်းလုပ်ရပ်များ အပေါ် အထူးမခံမရပ်နိုင် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ
back to top