တရုတ် - မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှင့်ပတ်သက်သည့် သတင်းများပေးပို့လိုပါက www.cnpc.com@gmail.com သို့ပေးပို့ဆက်သွယ်နိုင်ပါသည် ။

Friday, August 15, 2014

လျှပ်စစ်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အတွက်လုပ်ဆောင်ချက်များ

ယနေ့ ၁၅ - ၈ - ၂၀၁၄ တွင်
တရုတ် - မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ 
နမ့်ခမ်းတိုင်းတာရေးစခန်းမှ ဒုရုံးအုပ်ဖြစ်သော Mr.Wang Wei နှင့် နမ့်ခမ်းမြို့နယ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကိုထိန်ဝင်းဦး နှင့်အတူ နမ့်ခမ်းတိုင်းတာရေးစခန်းသို့ သွယ်တန်းထားသည့် ဓာတ်တိုင်များကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး ဓာတ်ကြိုးနှင့်မလွတ်သော သစ်ကိုင်းများ ၀ါးပင်များကို ခုတ်ပစ်ရန် တိုင်ပင်ဆွေးနွေးခဲ့သည် ။

Wednesday, August 6, 2014

လွယ်ချက်ရွာအတွက်လမ်းပြင်ခြင်း

၅-၈-၂၀၁၄ တွင် 
တရုတ် - မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း 
နမ့်ခမ်းတိုင်းတာရေးစခန်းမှ ဒုရုံးအုပ် Mr.Wang Wei သည် 
လွယ်ချက်ရွာ အနီးရှိပိုက်လိုင်းလမ်းကြောင်းတွင်
ရေတိုက်စား၍ဖြစ်ပေါ်လာသည့်ရတိုက်စားမြောင်းများကို
မြေဖို့ရန်အတွက် excavator(back hold) 
အရပ်ခေါ် ( ဘတ်ဖိုး ၊ မြေကော်စက် ) တစ်စီးဖြင့် ရောက်ရှိခဲ့စဉ် 
ဥက္ကဌမှ လမ်းပြု ပြင်ပေးရန်အတွက် 
အကူညီတောင်းဆို ကမ်းလမ်းလာခြင်းကို 
လက်ခံလိုက်လျှောခဲ့ပြီး ၆-၈-၂၀၁၄ တွင် 
ဥက္ကဌ မှ လမ်းပြု ပြင်ပေးရန်တောင်းဆိုသည့် နေရာအား 
လိုက်လံပြု ပြင်ပေးခဲ့သည်။


လမ်းပြင်နေပုံ
လမ်းပြင်နေပုံ
လမ်းပြင်ပြီး
Mr.Wang Wei နှင့် လွယ်ချက်ရွာ ဥက္ကဌ တို့၏ လမ်းပြင်နေစဉ်အမှတ်တရဓာတ်ပုံ
လမ်းဘေးရေမြောင်းဖော်နေစဉ်

Sunday, June 29, 2014

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လျှို့ဝှက်မှုနှင့် ဖုံးကွယ်မှုများ ကျယ်ပြန့်စွာရှိနေဟုဆို

Posted by admin on Jun - 29 - 2014

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လျှို့ဝှက်မှုနှင့် ဖုံးကွယ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေ

သည်ဟု အင်္ဂလန်နှင့် ဝါရှင်တန်ဒီစီအခြေစိုက် Global Witness(GW) ၏ ဇွန်လ ၂၆ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။




Global Witness သည် သဘာဝရင်းမြစ်များနှင့် ဆက်စပ်နေသည့် ပဋိပက္ခဖြစ်ပွားမှုများ၊ အကျင့် ပျက်ခြစားမှု များနှင့်

ဆက်နွှယ်နေသည့် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မဖြစ်ပွားအောင်ကာ ကွယ်ရန်

သုတေသနပြုလုပ်ခြင်းနှင့် ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အမှန်တကယ် အကျိုးအမြတ် ရသူများကို

လုပ်ကွက်လုပ်ကိုင်ခွင့်ရသွားသူများက ဖုံးကွယ်ထားဆဲဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။

GW သည် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များရရှိထားသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၄၇ခုထံ ၎င်းတို့၏

ပိုင်ရှင်နှင့် ပတ်သက်သော မေးခွန်းများကို ဖြေကြားပေးရန် ဖိတ်ခေါ်သည့်စာများ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပေးပို့ရာတွင် နိုင်ငံတကာကုမ္ပဏီ ၃၁ခုအနက် ကုမ္ပဏီ ၁၁ ကသာ GW ၏မေးခွန်းများကို ပြန် လည်ဖြေ ကြားခဲ့ပြီး ကုမ္ပဏီ

သုံးခုက အနည်းငယ်မျှသာ ဖြေကြားခဲ့သည်။ ထို့အတူ နိုင်ငံတကာလုပ်ငန်းများနှင့် ဖက်စပ် လုပ်ကိုင်နေသည့် မြန်မာကုမ္ပဏီ

၁၆ခုအနက် နှစ်ခုကသာ အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အရင်းအမြစ်ကြွယ်ဝချမ်းသာမှုများကို ပိုမိုတရားမျှတစွာနှင့် ပိုမိုပွင့်လင်းစွာစီမံခန့်ခွဲနိုင်စေ ရန်အတွက်

ကြိုးစားဆောင်ရွက်နေရချိန်တွင် ထိုသို့သော ကုမ္ပဏီဆိုင်ရာ လျှို့ဝှက်ထားမှုသည် မြန်မာနိုင်ငံ၏ အခြေမခိုင်သေးသည့်

တိုးတက်မှုအား ခြိမ်းခြောက်နေသည်ဟု ယင်းအစီရင်ခံစာက သုံးသပ်ထားသေးသည်။

ကုမ္ပဏီပိုင်ရှင်များနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လျှို့ဝှက်ထားခြင်းကြောင့် ရေနံမှရရှိသည့်ဝင်ငွေ များသည် တိုင်းပြည်၏

သဘာဝရင်းမြစ်ကဏ္ဍအား ရေရှည်ဒုက္ခပေးနေသည့် အကျင့်ပျက်ခြစားမှုအဖြစ် ဆုံးရှုံး သွားမည့် အန္တရာယ်ရှိနေသည်ဟု ဆိုသည်။

GW မှ အကဲခတ်လေ့လာသူ Juman Kubba က “ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကို လုပ်

ကိုင်ခွင့်ရရှိတဲ့ကုမ္ပဏီတွေရဲ့နောက်ကွယ်မှာ ဘယ်သူတွေရပ်တည်နေတယ်ဆိုတာကို တိုင်းသူပြည်သားတွေ သိရှိနိုင်မှပဲ

ရရှိတဲ့နှစ်စဉ်ဝင်ငွေတွေ ဟာ နိုင်ငံတော်ဘဏ္ဍာတိုက် ထဲကို ရာက်ဖို့အခွင့်အရေးပိုရှိမှာလည်းဖြစ် တယ် ” ဟု ဆိုသည်။

မြန်မာကုမ္ပဏီ ၁၆ခုအနက် Machinery & Solutions နှင့် Myanmar Petrolum E&P Co.,Ltd(MPEP) တို့သည် ၎င်းတို့၏

နောက်ဆုံးအကျိုးအမြတ်ခံစားသူ ပိုင်ရှင်များ၏ အသေးစိတ်အချက်အလက်များကို ထုတ် ဖော်ပြောကြားသည့် ပထမဦးဆုံးသော

ကုမ္ပဏီများဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

GW ၏ မေးခွန်းများကို လုံးဝဖြေကြားခြင်းမရှိသော နိုင်ငံတကာကုမ္ပဏီများထဲတွင် Shell၊ Chevron၊ Pacific Hunt Energy Corp၊

ISOC Bashneft၊ Eni ၊ Woodside၊ PTTEP၊ Statoil စသည့် ရေနံကုမ္ပဏီများ ပါဝင်နေသည်။

Saturday, June 28, 2014

ကျောက်ဖြူ မလကျွန်း သဘာဝဓါတ်ငွေ့စက်ရုံ ချို့ယွင်းမူ ဖြစ်၍ ဓါတ်ငွေ့တင်ပို့မူ ယာယီရပ်နားခဲ့ရ


Posted by admin on Jun - 28 - 2014

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းတွင် တည်ရှိသော Daewoo ပိုင် သဘာဝ ဓါတ်ငွေ့စက်ရုံတွင် စက်ချို့ယွင်းမူ ဖြစ်သဖြင့် အသံများ ‘တဂျီဂျီ’ မြည်ကာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီးနောက် ပိုက်လိုင်းမှ တဆင့် တရုတ်သို့ သဘာဝ ဓါတ်ငွေ့တင်ပို့မူကို ယာယီရပ်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။


“ ဖြစ်တာက ဇွန်လ ၂၆ ရက်နေ့ ညနေ ၆ နာရီ ခန့်မှာ ဖြစ်တာပါ။ စက်ရုံထဲက ဂျင်နရယ်တာက ရပ်သွားတယ်။ အဲဒီနောက်ပိုင်းမှ မီးတွေမှိတ်သွားပြီး အသံတွေက တဂျီဂျီနဲ့ မြည်လာတယ်။ ၉ နာရီမှာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ နောက်တော့ တရုတ်ကို ဓါတ်ငွေ့ပို့လွှတ်နေမူကို ရပ်တန့်လိုက်ပါတယ်” ဟု အမည် မဖေါ်လိုသူ ၀န်ထမ်း တစ်ဦးက ပြောသည်။

ယင်းပြင် စက်ရုံထဲမှ ၀န်ထမ်းများကိုလည်း အန္တရာယ် ရှိသဖြင့် စက်ရုံပြင်ပသို့ ထွက်ခွာသွားရန် သတိပေးမူ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ စက်ရုံက အလုပ်သမားတွေကို အပြင်ကို ထွက်သွားကြဖို့ အင်္ဂလိပ်လိုရော၊ ဗမာလိုရော သတိပေးမူ ထွက်ပေါ်လာတယ်။ ကျွန်တော်တို့ အကုန်လုံး အပြင်ကို ထွက်ပြေးပြီး ဂိတ်ဝမှာ စုနေလိုက်ကြတယ်။ အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု သူက ဆက်ဆိုသည်။

(၉) ကျော်ခန့်တွင် ပေါက်ကွဲသံတစ်ခု  ထွက်ပေါ်လာခဲ့သည်မှာ ဟုတ်မှန်ကြောင်း စက်ရုံအနီးရှိ မလကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း အတည်ပြု ပြောဆိုသည်။

“ ကျွန်တော်တို့ ကြားပါတယ်။ အသံတွေက တဂျီဂျီနဲ့ အစပိုင်းမှာ စက်ရုံတွေထဲက ထွက်လာတယ်။ ရွာသားတွေက ကြောက်ပြီး တောင်ပေါ်ကို တက်ပြေးကြတယ်။ ညနေ ၉ နာရီ ကျော်ကျော်မှာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ အဲဒီနောက် စက်ရုံတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်” ဟု မလကျွန်း အုပ်ချုပ်ရေးမှူးက ပြောသည်။

တရုတ်ပြည်သို့ ပိုက်လိုင်းမှ တဆင့် ဂတ်စ်ပို့လွှတ်နေမူကို ဇွန်လ ၂၇ ရက်နေ့ထိ ရပ်တန့်ထားကြောင်း စက်ရုံ ၀န်ထမ်းက ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ရန်ကုန်မှ စင်းလုံးဌား လေယာဉ်ဖြင့် ကိုရီးယားနိုင်ငံသား ဒုဥက္ကဌ ဖြစ်သူ Si Bo Joo ဦးဆောင်သော နိုင်ငံခြားသား အင်ဂျင်နီယာများနှင့် အတူ မြန်မာတာဝန်ရှိသူများ ရောက်ရှိလာသည်ဟု သိရသည်။

ယမန်နေ့ ညနေပိုင်းတွင် ဂျင်နရယ်တာ ပြန်လည်ပတ်ခဲ့ပြီး မီးပုံမှန် ပြန်လည် ရရှိခဲ့သည်ဟု သိရသည်။

နိရဉ္စရာ- ၂၈ ဇွန်လ ၂၀၁၄

Sunday, October 20, 2013

တရုတ်မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပြည့်အ၀ လည်ပတ်နေပြီ




တရုတ် မြန်မာ ၂ နိုင်ငံကြား သွယ်တန်း ဖောက်လုပ်ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း အပြည့်ဝ လည်ပတ်နေပြီလို့ CNPC ကော်ပိုရေးရှင်းက ပြောကြားကြောင်း ဆင်ဟွာ သတင်းများအရ သိရပါတယ် ။

တရုတ်ပြည် အနောက်တောင်ပိုင်းက လူဖန်းနဲ့ Guigang မြို့တွေအကြား နောက်ဆုံး ပိုက်လိုင်း အပြီးသတ် ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကီလိုမီတာ ၂၅၀၀ ရှည်လျားတဲ့ပိုက်လိုင်း တလျောက် တနှစ်ကို ကုဗမီတာ သန်းပေါင်း တစ်သောင်းနှစ်ထောင် ပို့လွှတ်မယ်လို့ သိရပါတယ်။
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2013/10/blog-post_9109.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2013/10/blog-post_9109.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2013/10/blog-post_9109.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2013/10/blog-post_9109.html

Thursday, August 22, 2013

တရုတ်-မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းကို ရပ်တန့်ဖို့ ရှမ်းလူထုအခြေပြုအဖွဲအစည်းတွေတောင်းဆို

Wednesday, May 22, 2013 | မျက်ဝန်း
တရုတ်-မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းကို ရပ်တန့်ဖို့ ရှမ်းလူထုအခြေပြုအဖွဲအစည်းတွေက စုပေါင်း တောင်းဆိုပါတယ်။


ဒီပိုက်လိုင်းဖြတ်သန်းမယ့် ရှမ်းပြည်မြောက်ပိုင်းမှာ တပ်စွဲထားတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့စခန်းကို အစိုးရတပ်က ဒီလဆန်းကိုးရက်နေ့မှာ ၀င်တိုက်လို့ ရွာသားတွေ ထောင်နဲ့ချီ ထွက်ပြေးခဲ့ကြပြီးတဲ့နောက် ဒီတောင်းဆိုချက် ထွက်ပေါ်လာတာပါ။

ဒီထိုးစစ်ဟာ စီမံကိန်းနဲ့ တိုက်ရိုက် ဆက်စပ်တာကြောင့် ပဋိပက္ခ ပိုပြင်းထန်လာမှာ အထူးစိုးရိမ်ပူပန်တယ်လို့ ရှမ်းလူထု အခြေပြုအဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေငြာချက်မှာဖော်ပြထားပါတယ်။
DVB

Monday, July 29, 2013

ကျောက်ဖြူ ယူနန် ဓါတ်ငွေ့ ပိုက်လိုင်း စဖွင့်

Written By Thit Lwin on Monday, July 29, 2013 |
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းမှာရှိတဲ့ တံတားဦး မြို့နယ်ထဲက ဓါတ်အား ထုတ်လွှတ်ရေး စခန်းကို ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းအပါအဝင် တရုတ် မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ ညနေပိုင်းမှာ ဖွင့်လှစ်ပေးလိုက်ပါတယ်။

အဲဒီ ပိုက်လိုင်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလကစပြီး တရုတ် CNPC ကုမ္ပဏီ ၊ ကိုးရီးယား ဒေဝူးကုမ္ပဏီ စတဲ့ ကုမ္ပဏီ ၅ခုနဲ့ အပိုင်းလိုက် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသဘာဝ ဓါတ်ငွေ့တွေကနေ မြန်မာနိုင်ငံမှာ လျှပ်စစ် စွမ်းအင်တွေ အသုံးပြု နိုင်တော့မယ်လို့ ဖွင့်ပွဲ အခမ်းအနားမှာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောသွားပါတယ်။

ဒီပိုက်လိုင်းရဲ့ အဓိက တာဝန်ရှိတဲ့ တရုတ်ဘက်က CNPC ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ မစ္စတာ ဝမ်ဒုံကျင်းကလည်း ဒီပိုက်လိုင်း ပြီးဆုံး အောင်မြင်သွားတာကြောင့်တရုတ် အနောက်တောင်ပိုင်းဒေသကို လောင်စာ ဖြည့်တင်း ပေးနိုင်မှာ ဖြစ်သလို မြန်မာနိင်ငံ အတွက် ပို့ကုန်ကနေ အမြတ်ငွေ ရရှိတာအပြင် ပိုက်လိုင်း တလျှောက်က ပြည်သူတွေအတွက် စွမ်းအင်တွေ ရရှိမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် အနာဂါတ်မှာ မြန်မာ ၊တရုတ်၊ အိန္ဒိယ၊ ကိုရီးယား ၄နိုင်ငံပေါင်းပြီး စွမ်းအင်ဆိုင်ရာ ပူးပေါင်းမှုတွေ ထပ်လုပ်နိုင်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

ဒီလို နှစ်ဖက် တာဝန်ရှိသူတွေက ဒီ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် အကျိုးရှိမယ်လို့ ပြောနေကြပေမယ့် ပိုက်လိုင်း ဖြတ်သွားရာ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊မကွေးတိုင်း နဲ့ ရှမ်းပြည်နယ်က ပြည်သူတွေကတော့ ဒီပိုက်လိုင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးသလို စိုက်ပျိုးမြေတွေ ဆုံးရှုံးရတာအပြင် လူတွေရဲ့ အသက် အိုးအိမ်တွေကို ခြိမ်းခြောက်ခံနေရလို့ ကန့်ကွက်တဲ့အကြောင်း ဒီကနေ့မှာဘဲ ပြောလိုက်ပါတယ်။

ဒီပိုက်လိုင်း စီမံကိန်းဟာ ပြည်သူ လူထု၊ အစိုးရနဲ့ ရင်းနှီး မြုပ်နှံသူတွေ အတွက်သာ တူညီမျှတတဲ့အကျိုး ခံစားနိုင်တဲ့ စနစ် ရှိသင့်ကြောင်း၊ နစ်နာစရာ ရှိရင် ပြည်သူတွေပဲ နစ်နာရလေ့ ရှိပြီး အကျိုးအမြတ်တွေကိုတော့ အစိုးရနဲ့ ရင်းနှီး မြုပ်နှံသူတွေကသာ ခံစားလေ့ ရှိကြောင်း၊ရရှိတဲ့ အကျိုးခံစားမှု တွေနဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာမှု မရှိရင် ဒီစီမံကိန်းကို ဆက်လက် ကန့်ကွက်သွားမှာ ဖြစ်ကြောင်း ပိုက်လိုင်း ဖြတ်သွားရာ လမ်းတလျှောက်က ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီရဲ့ တာဝန်ခံ မနှင်းယုရွှေက ပြောပါတယ်။

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကနေ ထုတ်လုပ်တဲ့ သဘာဝ ဓါတ်ငွေ့တွေကို ရခိုင်ပြည်နယ် ကျောက်ဖြူ ကုန်းတွင်းပိုင်း ဓါတ်ငွေ့ ထုတ်လွှတ်ရေး စခန်းကနေ ယူနန်ပြည်နယ်ကို ၇၉၃ ကီလိုမီတာ ရှည်ပြီး အချင်း လက်မ ၄၀ ရှိတဲ့ ဒီပိုက်လိုင်းကနေ တနေ့ကို ကုဗပေ သန်း ၁၂၀ဝ ပို့လွှတ်မယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Monday, July 1, 2013

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဇူလိုင် ၁ ရက် (ယနေ့) တွင် စတင်ပို့လွှတ်မည်


By burmamuslim on July 1, 2013   

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့

ဇူလိုင် ၁ ရက်တွင် စတင်ပို့လွှတ်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အရှည် ၇၉၃ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူမှစတင်၍

မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး

တရုတ်နိုင်ငံ ရွှေလီမြို့မှ တစ်ဆင့် တရုတ်နိုင်ငံတွင်းသို့ အသီးသီး ၀င်ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါပိုက်လိုင်းဖြင့် ကနဦး

ကာလပိုင်းတွင် တစ်နှစ်လျှင် ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ ပို့ဆောင်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့

ကုဗမီတာ ၁၂ ဘီလျံ ပို့ဆောင်နိုင်မည်ဖြစ်ပြီး Process Station ခြောက်ခု တည်ဆောက်ထားမည် ဖြစ်ကြောင်းလည်း CNPC မှ

ထုတ်ပြန်ချက်များအရ သိရသည်။

”မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်းကနေပြီးတော့ တစ်နှစ်မှာ ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မှာ ဖြစ်ပြီးတော့

Process Station ငါးခုနဲ့ တန်ချိန် သုံးသိန်း အဆင့်ရှိတဲ့ ရေနံစိမ်း ဆိပ်ကမ်းတစ်ခုကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း အနေနဲ့တော့ တစ်နှစ်မှာ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့

ကနဦး အဆင့်မှာတော့ တစ်နှစ်ကို ကုဗမီတာ ၅ ဒသမ ၂ ဘီလျံပဲ ပို့ဆောင်နိုင်မှာ ဖြစ်ပြီး Process Station ခြောက်ခု

တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ ရေနံစိမ်းတန်ချိန် နှစ်သန်းနဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံကို

မြန်မာနိုင်ငံအတွက် ပေးသွားမှာပါ” ဟု မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း အကောင်အထည်

ဖော်နေသော SEAOP & SEAGP မှ Deputy Director ဖြစ်သူ Mr.Zhang က ပြောပြသည်။

မြန်မာ-တရုတ် ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့များ စတင်ပို့လွှတ်ပြီ ဖြစ်သော်လည်း ပိုက်လိုင်းတစ်လျှောက်တွင်

သိမ်းယူထားသည့် မြေယာများအပေါ် လျော်ကြေး ပြန်လည်ပေးအပ်မှုနှင့် ပတ်သက်ပြီး အချို့ဒေသများ၌ ပြေလည်မှု

ရရှိသော်လည်း အချို့ဒေသများ၌မူ လက်ရှိအချိန်ထိ ပြေလည်မှု မရှိသေးကြောင်း…

အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ Offloading Point မှာ ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာနှင့်

မန္တလေးတို့ဖြစ်ကြောင်းနှင့် ရေနံစိမ်းပိုက်လိုင်းအတွက် Offloading Point မှာ စကုမြို့ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင်လည်း မြန်မာနိုင်ငံကို ပိုက်လိုင်းဖြတ်သန်း သွယ်တန်းရသည့်အတွက်

ပိုက်လိုင်း လမ်းကြောင်းဖြတ်သန်းခ (Right of Way) အဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀၅ သန်း

ရရှိမည်ဖြစ်သည်။ မြန်မာ-တရုတ် ရေနံပိုက်လိုင်း စီမံကိန်းတွင်လည်း ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခ (Right of Way) အဖြစ်

တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀၅ သန်း ရရှိမည့်အပြင် မြန်မာနိုင်ငံကို ဖြတ်သန်း ပို့ဆောင်ရသည့်အတွက် (Transit

Fee) အဖြစ် ရေနံပမာဏ တစ်တန်လျှင် အမေရိကန် တစ်ဒေါ်လာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ပြည်တွင်းသုံးစွဲမှု ပမာဏမှာ တစ်ရက်လျှင် သန်းပေါင်း ၅၉၀ mmcfd (cubic feet per

day) လိုအပ်ကြောင်းနှင့် လက်တလောတွင် တစ်နေ့လျှင် ၂၄ mmcfd သာပေးနိုင်သေးကြောင်း၊ အလားတူ ရေနံစိမ်းလိုအပ်ချက်

တစ်နေ့လျှင် စည်ပေါင်း ၆၀၀၀၀ လိုအပ်နေပြီး လက်ရှိအနေအထားတွင် စည် ၂၀၀၀၀ သာ သုံးစွဲနိုင်သေးကြောင်း၊ ထို့အတွက်

မြန်မာနိုင်ငံတွင် ရှိနေသော လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး ရရှိမှု အပိုင်းတွင် အခက်အခဲများစွာ ရှိနေသေးကြောင်း

သိရသည်။

မြန်မာ-တရုတ် ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့များ စတင်ပို့လွှတ်ပြီ ဖြစ်သော်လည်း ပိုက်လိုင်းတစ်လျှောက်တွင်

သိမ်းယူထားသည့် မြေယာများအပေါ် လျော်ကြေး ပြန်လည်ပေးအပ်မှုနှင့် ပတ်သက်ပြီး အချို့ဒေသများ၌ ပြေလည်မှု

ရရှိသော်လည်း အချို့ဒေသများ၌မူ လက်ရှိအချိန်ထိ ပြေလည်မှု မရှိသေးကြောင်းလည်း ပိုက်လိုင်းစောင့်ကြည့်ရေး အဖွဲ့မှ

သိရသည်။

”ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ဒေသအချို့မှာ ခုချိန်ထိ မြေယာနဲ့ ပတ်သက်ပြီး လျော်ကြေးမရတာတွေ ရှိနေပါသေးတယ်။

တချို့နေရာတွေက အပြည့်အ၀ မရသေးတာတွေလည်း ရှိတယ်။ လျော်ကြေးကို သုံးရစ် ခွဲပေးမယ်ပေါ့။ ပထမ တစ်ရစ်ပေးတယ်။

လက်မှတ်တွေ ထိုးခိုင်းတယ်။ နောက်ထပ် ပေးဖို့ကိုကျတော့ ဒေသအာဏာပိုင်တွေက ငါတို့တွက်တာ မှားသွားလို့ မင်းတို့

ဒီဟာအပြီးပဲဆိုပြီး ထပ်မပေးတော့ တာတွေလည်း ရှိတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ

အဖြစ်များပါတယ်။ လျော်ကြေးတွေက တချို့ဒေသတွေမှာ တစ်ဧကကို သုံးသိန်းရတယ်။ တချို့ဒေသတွေမှာ ၁၀ သိန်းရတာတွေ

ရှိတယ်။ ဒါပေမဲ့ နမ့်ခမ်းလို ဒေသတွေမှာတော့ တစ်ဧကကို သိန်း ၁၀၀ ၀န်းကျင်၊ ၁၀၀ ကျော်ကျော်လောက်ရတယ်။ ဒါပေမဲ့

တရုတ်ပြည်ထဲမှာကျတော့ တစ်ဧကကို အနိမ့်ဆုံး မြန်မာငွေနဲ့တွက်ရင် ကျပ်သိန်း ၃၀၀ လောက်ရတယ်” ဟု မန္တလေး

စိမ်းရောင်စိုအဖွဲ့မှ ကိုသော်က ပြောကြားသည်။

ယင်းသို့ ဓာတ်ငွေ့များ စတင် ပို့လွှတ်ရာ၌ ဓာတ်ငွေ့ပိုက်လိုင်း အတွင်းရှိ လေထုကို နိုက်ထရိုဂျင် ဓာတ်ငွေ့ထည့်သွင်း၍

ဖယ်ရှားရခြင်းကြောင့် ထိုသို့ ဓာတ်ငွေ့ပို့လွှတ်စဉ် လေရှူပေါက်များမှ အသံမြည်ခြင်း၊ မီးညွန့်များ ထွက်ပေါ်ခြင်းတို့ ဖြစ်တတ်ပြီး

စိုးရိမ်စရာ မရှိကြောင်း၊ ထိုသို့ ဖြစ်ပေါ်ပါက အန္တရာယ် မရှိကြောင်း၊ ထိတ်လန့်စရာ မလိုကြောင်း ဓာတ်ငွေ့ပိုက်လိုင်း

ယိုစိမ့်မှုဖြစ်ပေါ်ခြင်း မဟုတ်ကြောင်းလည်း မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thank

Friday, January 25, 2013

တရုတ် - မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြည်တွင်းစစ်ကို ကြီးထွားစေနိုင်ဟုဆို



မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းသည် ပြည်တွင်းစစ်ကို ပိုမိုကြီးထွားစေရန်အတွက် အားပေးသည့်အသွင်ဆောင်နေသည်ဟု ယင်းပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီက သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းပိုက်လိုင်းဖြတ်သန်းသွားရာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် နောင်ဖာကျေးရွာအတွင်း လယ်သမား ၇၀ ခန့်၏ လယ်ယာဧက ၄၅၀ ကျော်မှ လျော်ကြေးမဲ့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီက ၎င်းပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် လေးခုကို ဖြတ်သန်းသွားရသည့်အတွက် လယ်ယာမြေနှင့် စိုက်ခင်းများပျက်စီးခြင်း၊ အများပိုင်ကျေးရွာသောက်သုံးရေကန်များ၊ လမ်းများ၊ သဘာဝ ရေထွက်များနှင့် ရေထိန်းတောများ၊ ရှားပါး ရေနေ၊ ကုန်းနေသတ္တဝါများ၊ သစ်တောများ စသည့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို များစွာ ထိခိုက်ကြောင်း၊ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ၊ ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုများနှင့် အမျိုးသမီးများ၏ ဘဝကို ထိခိုက်သက်ရောက်မှုများဖြစ်ပေါ်စေသောကြောင့် သက်ဆိုင်ရာ ကုမ္ပဏီနှင့် တာဝန်ရှိသူတို့အနေဖြင့် အဆိုပါအခြေအနေများကို ဖြေရှင်းပေးရန် ဖော်ပြထားသည်။

ထို့ပြင် ကျောက်ဖြူမြို့နယ် ရွှေဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး စီမံကိန်းအတွက် မြေယာသိမ်းယူခြင်းမခံရသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ၊ စားကျက်မြေများအတွက် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲနှုန်းဖြင့် နှစ်နှစ်စာလျော်ကြေး သတ်မှတ်ထားကာ လယ်သမား ၉၀ ရှိသည့်အနက် ၅၈ ဦးသာ လျော်ကြေးရ၍ နစ်နာကြေးမရသည့် လယ်သမားများရှိနေကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဖွဲ့ထားသည့် မြေယာနှင့် သီးနှံလျော်ကြေးပေးရေးအဖွဲ့ကမူ ငွေကြေးအခြေအနေပေါ်မူတည်ပြီး အတိုင်းအတာနှင့်လုပ်ရခြင်းဖြစ်ကြောင်း၊ အားလုံးကို ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ယင်းပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းမှာ ၂၀၁၃ ခုနှစ် မေလတွင် ပြီးစီးတော့မည်ဖြစ်ကြောင်း၊ လာမည့်ဇွန်လအစောပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှု စတင်ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းမှ ပြောကြားသည်။

ကျောက်ဖြူမြို့မှ ကူမင်းမြို့သို့ သွယ်တန်းထားသည့် ၇၇၁ ကီလိုမီတာရှည်သော ရေနံပိုက်လိုင်း ပြီးစီးသွားပါက တစ်နှစ်လျှင် ရေနံတန်ချိန် ၂၂ သန်းပို့လွှတ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကာ ကျောက်ဖြူမြို့မှပင် ကူမင်း၊ ကိုင်ကျို့နှင့် ကျန်စီမြို့များအထိ သွယ်တန်းထားသော ၂၈၀၆ ကီလိုမီတာအရှည်ရှိသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ တစ်နှစ်လျှင် ဓာတ်ငွေ့ ၁၂ ဘီလီယံ ကုဗမီတာခန့် ပို့လွှတ်နိုင်မည်ဖြစ်သည်။

Thursday, September 27, 2012

ရေနံ ဂက်စ်ပိုက်လိုင်းမှဝင်ငွေ ၅ % အား သျှမ်းပြည်နစ်နာကြေးအတွက်ပေးရန် လွှတ်တော်၌တောင်းဆို

Published on Sep 27 2012 //
သျှမ်းပြည်မြောက်ပိုင်း နမ္မတူနှင့်သီပေါကြား ဂက်စ်ပိုက်လိုင်းသွယ်တန်းနေပုံ

သျှမ်းပြည်နယ် ပထမအကြိမ် စတုတ္ထပုံမှန် လွှတ်တော်အစည်းအဝေးအား ယမန်နေ့ကစတင်ရာမှာ အမတ်တဦးက ရေနံ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမှု ကြောင့် အဆိုပါစီမံကိန်းမှရသည့် ဝင်ငွေအားလုံး၏ ၅ % အား နစ်နာကြေးအဖြစ် သျှမ်းပြည်နယ်အား ခွဲတမ်းပေးရန် တောင်းဆိုခဲ့သည်ဟုဆိုသည်။

“ကျမအဆိုတင်ထားတာနှစ်ခုရှိတယ်။ ဒီနေ့ အာဂျန်တာထဲမှာ တခုပါတယ်။ ကျမ တို့ သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြတ်သန်းသွားတဲ့ ရေနံ နဲ့ သဘာဝ ဓါတ် ပိုက်လိုင်း ကြောင့် ဒေသခံလူထု နစ်နာဆုံးရုံးမှုများတယ်။ အဲဒါကြောင့် ကျမတို့ပြည်နယ်အတွက် အဲဒီက ရတဲ့ဝင်ငွေတွေရဲ့ ၅% ကို ပြည်ထောင်စုအစိုးရကနေ ခွဲပေးဖို့ပါ” – ဟု နမ္မတူမြို့နယ် ပြည်နယ်လွှတ်တောင်အမတ် နန်းခမ်းအေးက ပြောပါသည်။

စက်တင်ဘာ ၂၅ ရက်နေ့ စတင်သော ပထမအကြိမ် စတုထ္ထပုံမှန် သျှမ်းပြည်နယ်လွှတ်တော်အစည်း ပထမ နေ့၌ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တောင်အမတ် နန်းခမ်းအေးက လူ့အခွင့်အရေးချိုးဖေါက်မှု အဆို နှင့် ရေနံသဘာ ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဒေသခံလူထု နစ်နာဆုံးရှုံးသည့်အဆို နှစ်ရပ်တင်သွင်းထားကြောင်းပြောပါသည်။

ယမန်နေ့က တင်သွင်းသည့် အဆိုများအား ယနေ့ စက်တင်ဘာ ၂၆ ရက်၌ ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း ပြောပါသည်။

“ကျနော်တို့ လယ်ယာမြေ အတွင်း ပိုက်လိုင်းတွေဖြတ်သန်းလာလို့ စိုက်ပျိုးခွင့်မရတော့ဘူး၊ ပေးတဲ့ လျော်ကြေး ငွေကလဲ အထက်က ဆိုင်ရာပုဂ္ဂဂိုလ် အဆင့်ဆင့်ဖြတ်ယူတယ်၊ ဈေးနှိမ်ပြီးပေးတယ်” – ဟု နမ္မတူဒေသခံတဦးက ပြောပါ သည်။

ရခိုင်ကမ်းလွန်ဒေသထွက် ရေနံနှင့်သဘာဝ ဓါတ်ငွေ့များ သယ်ယူရန် မြန်မာအစိုးရက တရုတ်အစိုးရထံ အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံဖြင့် နှစ်ပေါင်း ၃၀ ကန်ထရိုက်ပေးထားခဲ့သည်။

ယမန်နေ့၌ ပြန်လည်ကျင်းပသော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သျှမ်းပြည် အရှေ့ပိုင်းအမတ်တဦးဖြစ်သည့် စိုင်းဝင်းမြင့်ဦးကလည်း ‘လျှပ်စစ်မီးတွေက ကျနော်တို့ သျှမ်းပြည် က ထွက်ရှိတာများတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ မီးမလင်း သေးဘူး နှစ်ဆယ့်လေးနာရီ မီးရဖို့တင်ပြခဲ့တယ်’ ဟု ပြောပါသည်။ နိုင်ငံတော် ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်း ကျိုင်းတုံမြို့သို့ရာက်ရှိစဉ် ပါတီကောင်စီဥက္ကဌဟောင်းတဦးကလည်း ကျိုင်းတုံမြို့ ၂၄ နာရီမီးလင်း ရေးအတွက်တင်ပြ တောင်းဆိုခဲ့သေးသည်ဟုလည်းကြားသိရပါသည်။ သျှမ်းသံတော်ဆင့်

Wednesday, May 23, 2012

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း – ၃

Posted by on May - 23 - 2012  

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများကြောင့် ဒေသခံပြည်သူများ၏

လယ်ယာမြေများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ ၂၀၀၉ -နှစ် ပိုက်လိုင်း စီမံကိန်း စတင်လုပ်ကိုင်သည့်နေ့မှစ၍

ပျက်စီးဆုံးရှုံးနေကြရသည်။ လယ်ယာမြေများ နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုများအတွက်

လျော်ကြေးများ ပေးဆောင်ရာတွင် အပြည့်အဝ ပေးဆောင်ခြင်းမရှိခြင်းနှင့် အာဏာပိုင်များ၏ ခေါင်းပုံဖြတ်မှုများ၊

လိမ်လည်မှုများကြောင့် ဒေသခံပြည်သူများမှာ ထိုက်တန်သော လျော်ကြေးများကို မရရှိကြပေ။ ပိုက်လိုင်းစီမံကိန်းကြောင့်

လယ်ယာမြေ စိုက်ပျိုးရေး လုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်စားသောက်ရန် အခက်ခဲများ ရင်ဆိုင်လာရသောကြောင့်

ဒေသခံပြည်သူများမှာ မွေးရပ်မြေမှ စွန့်ခွာပြီး နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်အကိုင်ရှာဖွေရန် ထွက်ခွာသူများ တနေ့ထက်

တနေ့များပြားလျက်ရှိသည်။

Thursday, May 17, 2012

တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ကျောင်းနှင့် ဆေးခန်းအတွက် ဒေသခံများထံမှ ငွေကောက်

Published on May 17 2012 // News Update, Related News, Slide Show

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တရုတ်- မြန်မာ ရေနံပိုက်လိုင်းမှ လှူဒါန်းသော စာသင်ကျောင်း နှင့် ဆေးခန်း ဆောက်လုပ်ရေး အတွက် ဒေသခံ ပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် တာဝန်ရှိသူ ဦးသန္တာမောင်က နိရဉ္စရာသို့ ပြောကြားသည်။                      


    ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ လှူဒါန်းသော ကျောက်ဖြူ မြို့ပေါ် အလက ကျောင်းဆောင်။

” အခု ကျွန်တော်တို့ကို လာတိုင်တဲ့ ရွာသားတွေက ခြုံစွယ်ကျေးရွာ အုပ်စုက ဖြစ်ပါတယ်။ တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းကနေ လှူဒါန်းတဲ့ မူလွန် စာသင်ကျောင်းနဲ့ ဆေးခန်းအတွက် ဆိုပြီး ငွေကောက်ခံနေတာကြောင့် ရွာသားတွေ အခက်အခဲ ဖြစ်နေလို့ သူတို့က လာတိုင်ထားပါတယ်” ဟု သူက ပြောသည်။

ခြုံစွယ် ကျေးရွာတွင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော မူလွန်ကျောင်းဆောင် တစ်ခုနှင့် ဆေးခန်း တစ်ခုကို ဆောက်လုပ်နေပြီး အဆိုပါ ကျောင်းနှင့် ဆေးခန်း ဖြစ်မြောက်ရေး အတွက် ( ၇) ဦးပါ ကျေးရွာ ကော်မီတီ တစ်ခုကိုလည်း ဖွဲ့စည်းထားသည်။ ထိုကော်မီတီ အဖွဲ့ထဲတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းထိုင်ဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။

” သူတို့က ကျောင်းနဲ့ ဆေးခန်းအတွက် ဆိုပြီး အိမ်တစ်အိမ်ကို ၅၀၀၀ ကျပ်ကောက်ပါတယ်။ ဆင်းရဲသားနဲ့ မုဆိုးမ အိမ်ဆိုရင် တစ်အိမ်ထောင်ကို ၃၀၀၀ ကောက်ပါတယ်။ မပေးလို့ မရပါဘူး။ မပေးရင် ဒီကျေးရွာ အုပ်စုက ထွက်သွားကြဆိုပြီး ပြောပါတယ်” ဟု အမည်မဖေါ်လိုသူ ခြုံစွယ် ရွာသား တစ်ဦးက ပြောသည်။

မူလွန်စာသင်ကျောင်းနှင့် ဆေးခန်းမှာ တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းထားသဖြင့် အဆိုပါ ငွေများအား မည်သည့် အတွက် ကောက်ခံရပါသနည်း မေးမြန်းရာ အဆိုပါ အဆောက်အအုံများ အတွက် တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ငွေနှင့် မလုံလောက်၍ ကောက်ခံခြင်း ဖြစ်ကြောင်း အဆိုပါ (၇) ဦးအဖွဲ့မှ ပြောကြားကြောင်း ရွာသားက ပြောသည်။

ခြုံစွယ် ကျေးရွာအုပ်စုမှာ ကျောက်ဖြူမြို့နယ် အမှတ် (၇) နယ် မြို့ချောင်းကျွန်းတွင် တည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော် ၅၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။

” ရွာက ရွာကြီး တစ်ရွာပါ။ ခုလို ငွေကောက်တာက ဒီတစ်ကြိမ် မဟုတ်ဘူးလို့ သိရတယ်ဗျာ။ သိပ်မကြာခင်ကလည်း အုတ်ဖုတ်ဖို့ဆိုပြီး တစ်အိမ်ထောင်ကို ၂၅၀၀ ကျပ် ကောက်တယ်လို့ သိရပါတယ်။ ခုလို ခဏ ခဏ ငွေကောက်ခံနေတဲ့ အတွက် မခံမရပ်နိုင်ဖြစ်ပြီး ရွာသားတွေက ကျွန်တော်တို့ ပါတီနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ဆီကို တစ်နေ့ကဘဲ လာတိုင်တယ်။ ဒါနဲ့ ဦးဘရှင်လည်း အဲဒီဒေသကို စစ်ဆေးဖို့ လိုက်ပါသွားပါတယ်” ဟု ဦးသန္တာမောင်က ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်အား အသေးစိတ် သိရှိနိုင်ရန် ဖုံးမှ တဆင့် အကြိမ် ကြိမ် ဆက်သွယ်သော်လည်း သူ၏ ဖုံးမှာ ပိတ်ထားကြောင်း ဖုံးအော်ပရေတာမှ အကြောင်းပြန်ကြားသည်။

ခြုံစွယ် ကျေးရွာတွင် တည်ဆောက်နေသော ဆေးခန်းနှင့် စာသင်ကျောင်းကို ဇေယျာအောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေပြီး အဆိုပါ (၇) ဦးပါ ကော်မီတီ အဖွဲ့အားလည်း အဆိုပါ ကုမ္ပဏီနှင့် နားလည်မူ လုပ်ကာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ရွာသားက ပြောသည်။ အဆိုပါ အဖွဲ့တွင် ပါဝင်သော ကျောင်းထိုင် ဆရာတော်မှာ ကြံ့ခိုင်ရေး ပါတီကို ထောက်ခံသူ တစ်ဦး ဖြစ်ပြီး ရွာသား အများစုက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ၂၀၁၀ ရွှေးကောက်ပွဲတုန်းက မဲထည့်ခြင်း အပေါ် မကျေမနပ် ဖြစ်နေကြောင်း ရွာသားက ဆိုသည်။

” ကျောင်းထိုင်ဆရာတော်ပါ အဲဒီ အဖွဲ့မှာ ပါနေတော့ တော်တော့ကို ပြောရ ဆိုရ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ အခုလို မတော်မတရား ကောက်ခံနေတော့ ကျွန်တော်တို့လည်း မခံနိုင်ဘူး။ ဒီတော့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို တိုင်ကြားထားလိုက်ပါပြီ။ ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ များမကြာခင် သိရမှာပါ” ဟု ရွာသားက ပြောသည်။

ကျောင်းနှင့် ဆေးခန်းကို ဆောက်လုပ်နေရာတွင် ဆောက်လုပ်ရေး ကုမ္ပဏီက မကောင်းသော အုတ်များ၊ အညံ့စား သစ်များနှင့် ထည့်သွင်း ဆောက်လုပ်နေသကဲ့သို့ တဘက်တွင်လည်း ဆောက်လုပ်နေသော ကျောင်းနှင့် ဆေးခန်းရှေ့တွင် တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းပါသည် ဆိုသော စာလုံးကြီးများဖြင့် ရေးသားထားသော ဆိုင်းဘုတ်ကို ထောင်ထားပါလျှက် ရွာသားများထံမှ ပိုက်ဆံကောက်နေသဖြင့် ကျေးရွာသားများမှာ ၎င်းလုပ်ရပ်များ အပေါ် အထူးမခံမရပ်နိုင် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ

Wednesday, February 23, 2011

တရုတ် - မြန်မာ ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းများက ပြောသော ပထဝီ နိုင်ငံရေး စီးပွားရေး


By The Voice Weekly 23 February, 2011 - 13:38

စီးပွားအလျင်အမြန် တိုးတက်နေပြီး စက်မှုအမြန် ဖွံ့ဖြိုးနေသော ကမ္ဘာ့ စက်ရုံကြီးအဖြစ် ကမ္ဘာကလိုအပ်သမျှ ထုတ်ပေးနေသည့်

တရုတ်နိုင်ငံသည် စွမ်းအင် အလွန်ဆာလောင်နေပြီး  နောင်တွင်လည်း ယခုလိုအပ်သည်ထက် ဆတက်ထမ်းပိုးတိုးကာ

စွမ်းအင်လိုအပ်သွားမည် ဖြစ်သောကြောင့် စွမ်းအင်ရှာပုံတော် အပူတပြင်းဖွင့်နေရာ တရုတ် - မြန်မာ ရေနံသဘာဝဓာတ်ငွေ့

ပိုက်လိုင်းများတွင် ပထဝီနိုင်ငံရေး စီးပွားရေး သဘောတရားများကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ စွမ်းအင်မူဝါဒသည်

နိုင်ငံများစွာတွင် ဦးစားပေးမူ ဝါဒအဖြစ် ဖော်ဆောင်ထားပြီး စွမ်းအင် တင်သွင်းရသည့် စက်မှုနိုင်ငံများတွင် အထူးအလေးပေး

စောင့်ကြည့်ရသည့် မူဝါဒဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များက ရေနံရောင်းနိုင်ငံများအဖွဲ့က ရေနံသပိတ်မှောက်မှုကြောင့်

ဂျပန်နှင့်တကွ ရေနံတင်သွင်းသည့် စက်မှုအင်အားကြီး နိုင်ငံများ၏ စီးပွားရေး ကမောက်ကမ ဖြစ်သွားကတည်းက

နိုင်ငံအများသည် စွမ်းအင်ကဏ္ဍကို အလေးပေး တည်ဆောက်ခဲ့ကြသည်။ မိမိနိုင်ငံအတွက် လိုအပ်သည့် စွမ်းအင်ရင်းမြစ်များ

ပြည်တွင်းပြည်ပတွင် ရှာဖွေရေး၊ စွမ်းအင်လာမည့်လမ်းကြောင်းများ လုံခြုံစိတ်ချရမှု ရှိရေး၊ လိုအပ်သည့် စွမ်းအင်ပမာဏ

ပုံမှန်ရရှိနေရေး၊ စွမ်းအင်ပုံစံ တစ်မျိုးတည်း၊ စွမ်းအင်ရင်းမြစ် တစ်ခုတည်းကို အားမကိုးဘဲ ဖြန့်ကြက်ထားခြင်းသည် စွမ်းအင်မူဝါဒ၏

အခြေခံများဖြစ်သည်။

ကမ္ဘာ့စက်ရုံကြီး (World's Factory)ဟု တင်စား ခေါ်ဝေါ်ရလောက်အောင် ကုန်ပစ္စည်း အများအပြားကို ထုတ်လုပ် တင်ပို့နေသည့်

တရုတ်နိုင်ငံသည် ကမ္ဘာတွင် စွမ်းအင်ကို ဒုတိယအများဆုံး ဝါးမျို စားသုံးသူဖြစ်ကာ စွမ်းအင်ရင်းမြစ်များနှင့် သယ်ယူပို့ဆောင်ရေး

လမ်းကြောင်းများကို အစဉ်တစိုက် ရှာဖွေနေရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့်

တရုတ်နိုင်ငံသည် စွမ်းအင်ဆိုင်ရာ စီမံကိန်းများဖြစ်သည့် ရေနံ၊ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး စီမံကိန်းများ၊ ရေအားလျှပ်စစ်

ထုတ်လုပ်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံထားသည်။

ရွှေသဘာဝဓာတ်ငွေ့တွင်းမှ ထွက်ရှိမည့် မြန်မာ့ဓာတ်ငွေ့ကိုရောင်းဝယ်ရန် ဒေဝူး နိုင်ငံတကာ ကော်ပိုရေးရှင်း ဦးဆောင်သော

အုပ်စုနှင့် တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံကုမ္ပဏီ China National Petroleum Corporation CNPC တို့၏ ၂၀၀၉ ခုနှစ်တွင်

သဘောတူညီချက်အရ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အုပ်စုတွင် ဒေဝူး အပြင် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း Myanmar Oil and Gas Enterprise MOGE အိန္ဒိယနိုင်ငံမှ GAIL နှင့် ONGC

တို့လည်းပါဝင်နေသည်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ရေနံပိုက်လိုင်းနှင့် ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံ တန်ဖိုးရှိ ဓာတ်ငွေ့ပိုက်လိုင်း

ဖောက်လုပ်ရန် ၂၀၀၈ ခုနှစ်အတွင်း နှစ်နိုင်ငံ သဘောတူညီခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်

တည်ဆောက်ခဲ့သည်။ CNPC က ၅၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် MOGE က ၄၉ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး CNPC က

ပိုက်လိုင်း ဒီဇိုင်းရေးဆွဲခြင်း၊ ပိုက်လိုင်း တည်ဆောက်ခြင်းနှင့် ပိုက်လိုင်း စီမံကွပ်ကဲခြင်းတို့ကို လုပ်ဆောင်မည် ဖြစ်သည်။ ပိုက်လိုင်း

နှစ်ခုလုံးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင် စတင်မည်ဖြစ်ပြီး မန္တလေး၊ လားရှိုး၊ မူဆယ်မှ တစ်ဆင့်

တရုတ်နိုင်ငံ ရွှေလီမြို့တွင် တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်မည် ဖြစ်သည်။ ၆၉၀ မိုင် ရှည်လျားသည့် ရေနံပိုက်လိုင်းသည်

တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းဒေသ (အနောက်အာရှ) နှင့် အာဖရိကမှ ရေလမ်းဖြင့် ဝယ်ယူလာသည့် ရေနံစိမ်း တစ်နှစ်လျှင်

တန် ၂၂ သန်းကို ပို့ဆောင်ပေးရန် ရည်ရွယ်သည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ရွှေလုပ်ကွက်များ (A-1 နှင့် A-3

သဘာဝဓာတ်ငွေ့လုပ်ကွက်များ) မှ ထွက်ရှိသည့် ဓာတ်ငွေ့များမှ နှစ်စဉ် ၁၂ ဘီလီယံ ကုဗပေကို တရုတ်နိုင်ငံသို့ နှစ်စဉ်ပို့ပေးရန်

ရည်ရွယ်သည်။ တန်သုံးသိန်းရှိသည့် ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်း၊ ရေနံကုဗပေ ခြောက်သိန်း

သိုလှောင်ထားနိုင်မည့် သိုလှောင်ကန်တို့ကို ကျောက်ဖြူတွင် တည်ဆောက်သွားမည် ဖြစ်သည်။ ပိုက်လိုင်းကို သုံးစွဲရေနံဖြတ်သန်း

သယ်ဆောင်ခ (Transit Fee) အနေဖြင့် မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ဒေါ်လာ ၁၄ သန်းခန့်ရပြီး စုစုပေါင်းအားဖြင့် ပိုက်လိုင်း

ဖြတ်သန်းခနှင့် ပိုက်လိုင်းဖြတ် ဓာတ်ငွေ့ ရောင်းချရမှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း ရရှိမည်ဟု

ခန့်မှန်းထားကြသည်။ ဓာတ်ငွေ့ဈေးနှုန်းကို ကမ္ဘာ့ပေါက်ဈေးနှင့် အညီဖြစ်စေရန် သုံးလတစ်ကြိမ် ညှိနှိုင်းသွားမည်ဟု ဒေဝူး

နိုင်ငံတကာ ကော်ပိုရေးရှင်းက ၂၀၀၈ ခုနှစ် ဒီဇင်ဘာတွင် ပြောဆိုထားသည်။  

ဘေးချင်းယှဉ်လျက် အပြိုင်တည်ဆောက်သွားမည့် ထိုပိုက်လိုင်း နှစ်လိုင်းသည် တရုတ်နိုင်ငံတွင်းသို့ မြန်မာနှင့် ယူနန်ပြည်နယ်

နယ်စပ် ရွှေလီမြို့တွင် ဝင်ရောက်မည်ဖြစ်ကာ  ရေနံပိုက်လိုင်းသည် ယူနန်မြို့တော် ကူမင်းတွင် လမ်းဆုံးမည်ဖြစ်ပြီး ၂၈၀၆

ကီလိုမီတာ (၁၁၂၃ မိုင်) ရှည်မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာမူ ကွေ့ကျိုးနှင့် ကွမ်ရှီးပြည်နယ်များအထိ ဆက်လက်

ရောက်ရှိမည်ဖြစ်သည်။ ယခု စွမ်းအင်ပိုက်လိုင်းများသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် နောက်ကျကျန်ခဲ့သော တရုတ်နိုင်ငံ၏

အနောက်ပိုင်း ကုန်းတွင်းပိတ်ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး (Western Development) ၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

စွမ်းအင်ဖြန့်ကြက်ခြင်း

တရုတ်နိုင်ငံသည် နိုင်ငံစီးပွားရေး၏ အသက်သွေးကြောဖြစ်သော စွမ်းအင်ကဏ္ဍကို ဖြည့်ဆည်းရာတွင် နည်းလမ်းတစ်ခုတည်း၊

ရင်းမြစ်တစ်ခုတည်း၊ လမ်းကြောင်းတစ်မျိုးတည်းကို ပုံသေ မစွဲကိုင်ဘဲ တစ်ခုမဟန်က တစ်ခုကျန်အောင် မျိုးစုံအောင်

Diversification of Energy တည်ဆောက်နေသည်။ ကျောက်ဖြူ ရေနံပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသည်

တရုတ်နိုင်ငံ ရရှိနေသည့် အခြားလမ်းကြောင်းများဖြစ်သည့် ဗဟိုအာရှ၊ ရုရှားတို့မှ စွမ်းအင် လမ်းကြောင်းများအပြင် ဂယ်ပေါက်

လမ်းကြောင်းအဖြစ်ပါ ကြံဆထားခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက တရုတ်နိုင်ငံတွင်းသို့ ဂျပန်သိမ်းထားသည့်

အရှေ့ဘက် ကမ်းရိုးတန်းမှ တစ်ဆင့် တရုတ်နိုင်ငံတွင်းသို့ ထောက်ပံ့ရန် မရနိုင်တော့သဖြင့် မြန်မာလမ်းမကြီး Burma Road

ကိုတည်ဆောက်ကာ ယူနန်ပြည်နယ်မှ တစ်ဆင့် အရေးပေါ် ထောက်ပံ့ခဲ့ရသည့် ဖြစ်ရပ်မှာ တရုတ်နိုင်ငံကဲ့သို့

ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံ၏ သက်တမ်းနှင့် ယှဉ်ကြည့်လျှင် ပူပူနွေးနွေးသာ

ရှိနေပေသေးသည်။

မိမိ၏ အသက်သွေးကြော ဖြစ်သည့် စွမ်းအင်လမ်းကြောင်းများကို အခြားနိုင်ငံတစ်နိုင်ငံမှ ဖြတ်သန်းခြင်းမှာ

များစွာစွန့်စားရသော်လည်း မြန်မာနိုင်ငံနှင့် တရုတ်၏ နီးကပ်သော ဆက်ဆံရေးကြောင့် ယခုကဲ့သို့ အကောင်အထည် ပေါ်လာခြင်း

ဖြစ်သည်။ စွမ်းအင်ကဏ္ဍ လုံခြုံရေး Energy Security သည် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး National Security ပင်

ဖြစ်နေချိန်တွင် တရုတ်နိုင်ငံအတွက် လိုအပ်နေသော စွမ်းအင်အနက် အများအပြားသည် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကမှ

ရေနံများကို မလက္ကာရေလက်ကြားမှ ဖြတ်ကာ သယ်ယူနေရသည်။ မလက္ကာရေလက်ကြားသည် ကျဉ်းမြောင်းပြီး ပင်လယ်ဓားပြ

အန္တရာယ်လည်း ရှိနေသည်။ ထိုစွမ်းအင်လမ်းကြောင်းကို မလက္ကာရေလက်ကြားမှ ဖြတ်ကာပိတ်ဆို့လိုက်ရုံနှင့် တရုတ်ပြည်၏

စွမ်းအင်ကဏ္ဍ၊ ထိုမှတစ်ဆင့် စီးပွားရေးကို ထိခိုက်မည်ဖြစ်သည်။

ကျောက်ဖြူလမ်းကို ရွေးခြင်းဖြင့် ကီလိုမီတာ ၃၀၀၀ ခန့် သက်သာသွားမည်ဖြစ်ပြီး စရိတ်စက သက်သာလာနိုင်သလို

အန္တရာယ်များသော မလက္ကာရေလက်ကြားကို ရှောင်ရှားနိုင်မည်။ စွမ်းအင်သည်လည်း အချိန်တိုအတွင်း တရုတ်နိုင်ငံ

အတွင်းရောက်ရှိမည် ဖြစ်သည်။ ပထဝီဝင် သဘောအရ Time နှင့် Space ကို ချုံ့လိုက်ခြင်းဖြစ်သည်။ “ကြက်ဥအားလုံးကို

ခြင်းတစ်ခြင်းတွင်းသို့ မထည့်ရ။” ‘Don’t put all eggs in one basket’ အရ တရုတ်နိုင်ငံတွင်းသို့ စွမ်းအင် အဝင်လမ်းကြောင်း

အဓိကလမ်းကြောင်း တစ်ကြောင်း ရသွားမည် ဖြစ်သည်။ တရုတ်ပြည် အရှေ့ဘက်ကမ်းရိုးတန်းရှိ ပစိဖိတ်သမုဒ္ဒရာကိုသာ

သုံးစွဲနိုင်သောကြောင့် ပထဝီဝင် နိုင်ငံရေး သဘောတရားအရ သမုဒ္ဒရာ တစ်စင်းနိုင်ငံ Single-Ocean State အဆင့်သာ

ရှိနေခဲ့သည်။

ပင်လယ်ရေကြောင်း အင်အားကြီးနိုင်ငံဖြစ်ရန် သမုဒ္ဒရာများနှင့် ဆက်စပ်နိုင်သမျှ ဆက်စပ်ရမည်ဖြစ်ရာ အိန္ဒိယ သမုဒ္ဒရာကိုပါ

အသုံးပြုနိုင်ပါက အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်စပ်ပေးမည့် တရုတ်ပြည်၏ သမုဒ္ဒရာနှစ်စင်း သီအိုရီ (Two Oceans

Theory) အကောင်အထည် ပေါ်သွားမည် ဖြစ်သည်။ အရေးအကြောင်း ဒေသတွင်း သို့မဟုတ် ဒေသပြင်ပမှ အင်အားကြီး

နိုင်ငံများနှင့် တရုတ်နိုင်ငံ ထိပ်တိုက်တွေ့လျှင် သမုဒ္ဒရာ နှစ်စင်းနှင့် ဆက်စပ်ထားပါက မိမိ၏ လုံခြုံရေးကို ပိုမို အာမခံနိုင်မည်

ဖြစ်သည်။  တရုတ်သမ္မတ ဟူကျင်တောင်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးကို ကုန်သွယ်ရေးဖြင့် ဖော်ဆောင်မည်ဟု မဟာဗျူဟာ

ချမှတ်ထားရာ ကုန်သွယ်ရေး နိုင်ငံဖြစ်လာသော တရုတ်နိုင်ငံသည် ပင်လယ်ရေကြောင်းကဏ္ဍကို အားပြုရန် လိုအပ်သည်။

တရုတ်-မြန်မာ ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ကမ္ဘာ့အဆင့် ပေါကြွယ်ဝခြင်း၊

အိန္ဒိယ သမုဒ္ဒရာနှင့် မိုင် ၁၃၀၀ ကျော် ဆက်စပ်နေခြင်း၊ ရေနက်ဆိပ်ကမ်းကောင်းများရှိခြင်းနှင့် မဟာအင်အားကြီးနိုင်ငံ အဆင့်သို့

လှမ်းတက်ရန် ဟန်ပြင်နေသည့် စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံနှင့် နယ်စပ်ချင်း ရှည်လျားစွာ ဆက်စပ်နေခြင်း ဟူသော မြန်မာ့

ပထဝီဝင် နိုင်ငံရေး၊ ပထဝီဝင် စီးပွားရေး စရိုက် လက္ခဏာများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း တွေ့မြင်ရသည်။ ထိုစရိုက်

လက္ခဏာများတွင် ပထဝီဝင် နိုင်ငံရေး စွန့်စားရမှုများနှင့် ပထဝီဝင် နိုင်ငံရေး အားသာချက်များ Geopolitical Advantages

တွဲပါနေသောကြောင့် သေချာစွာ တွက်ချက်နိုင်ပါက Geoeconomic Benefits ပထဝီဝင် စီးပွားရေး အကျိုးအမြတ်များ ရရှိနိုင်မည်

ဖြစ်သည်။

ဇေယျသူ
back to top